အာလိန်ငါးဆင့်ခေါ် တာဝတိံသာ စူဌာမဏိစေတီတော် ကို ၁၂၉၇ ခုနှစ်တွင် စတင်တည်ဆောက်သည်။ မန္တလေးတောင် သာသနာပြု ရသေ့ကြီး ဦးခန္တီ အကူအညီယူလျက် မိုးညှင်းဆရာတော်ကြီး ပုံစံပေးဦးစီး တည်ဆောက်သည်။
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်သောအခါ အနော်မာမြစ်ကမ်း တဘက်သို့ အရောက်တွင် မိမိဘုရားဖြစ်မဖြစ် သိလိုလှသဖြင့် မကိုဋ်နှင့်တကွ ဆံထုံးတော်ကို ဖြတ၍ ပစ်မြောက်လေရာ သီကြားမင်းဆင်းလာ၍ ဆံတော်ကို ရတနာပန်းတောင်းဖြင့် ခံယူပြီး မိမိနေရာ တာဝတိံသာ နတ်ပြည်၌ စူဌာမဏိ စေတီတည်ခြင်းကို အကြောင်းပြု၍ ထိုတာဝတိံသာ စေတီကို တည်ထားသည်။ အောက်ခြေ၌ နဂါး၊ ဂဠုံ၊ ဂမ္ဘာန်၊ ယက္ခ၊ ဂမ္ဓဗ္ဓဟူသော ဘုံဆင့်(၅)ဆင့်ပါရှိကာ အထက်သို့ လိမ်ပတ်တက်သွားသော ကြောင်လိမ်လှေကား ပါရှိခြင်းကို အစွဲပြု ၍ အာလိမ်ငါးဆင့် ဟူ၍ အလွယ်ခေါ်ကြလေသည်။
အရပ်အမြင့် ၆၇ တောင် ရှိသည်။ အထက် ကြောင်လိမ် သံလှေကားထစ် ၅၉ထစ် ရှိသည်။ အုတ်ခုံ လှေကား ၃၂ထစ် ရှိသည်။ စတုရန်းပတ်လည်တံတိုင်း ၂၇၂ တောင် အကျယ်ရှိသည်။ ထိုခောတ်ငွေ ၂၅ဝဝဝ ကျော်ကုန်ကျသည်။
ဒါယကာများမှာ ချပ်သင်းသူဌေး ဦးဘတင် ဒေါ်သိန်းနှင့် သားအရေးပိုင်မင်း (အိုင်စီအက်စ်) ဦးချမ်းသာ ဒေါ်မမသစ် မြေးကိုရဲကျော် ကိုရဲတင် ကိုရဲခေါင်တို့ ဖြစ်သည်။
၁။ အဌဝိသံ၊ နှစ်ကျိပ်ရှစ်ဆူကုန်သော။ သမ္ဗုဒ္ဓေ၊ ဘုရားရှင်တို့ကို့ လည်းကောင်း။ ဒွါဒသဉ္စ သဟသကေ၊ ပဉ္စသသ၊ သဟသာနိ၊ ငါးသိန်းတစ်သောင်း နှစ်ထောင်ကုန်သော။ သမ္ဗုဒေစ၊ ဘုရားရှင်တို့ကို့ လည်းကောင်း။ အဟံ၊ အကျွန်ုပ်သည် အများသုံး သမ္ဗုဒေ ဂါထာတော်