
၁၂၉၇ ခုနှစ် တပိုတွဲလတွင် မိုးညှင်းတောရတိုက် တောင်ဘက်မုခ်အဝင်ရှေ့တွင် ဆင်ကြီးနှစ်ကောင် ကို စတင်တည်ထားသည်။
စီစဉ်ညွန်ပြ ပုံစံချသူမှာ မိုးညှင်းဆရာတော်ကြီး ဖြစ်သည်။
ဖြူစင်သော အကျင့်သိက္ခါ ရှိသူတို့ သီတင်းသုံး နေထိုင်ရာ ဖြစ်သည်ကို လေးစားခန့်ငြားဘွယ် သိရှိ စေလိုသဖြင့် ဖြူစင်သောဂုဏ်ကို ဆောင်လျှက် လေးစားဘွယ်ကြီးမားသော ကိုယ်ထည်ရှိသော ဘန္ဒန္တ ဆင်ဖြူတော်ကြီးနှစ်ကောင်ကို ပြုလုပ် ဖော်ပြထား သည်။ ဆင်ကြီးသက်သက် မဟုတ်ဘဲ ထိုဆင်ပေါ်တွင် မြတ်ဗုဒ္ဓ ကိုယ်တော်စား ရုပ်ပွားတော်တို့ပါ ပြသာဒ်ကျောင်းဆောင်နှင့်တကွ တည်ထားခြင်းဖြစ်၍ ဆင်ခံဘုရား ဟူ၍ပင် မှတ်ယူ ပူဇော်ထိုက်ပေသည်။
|
|
|
အရှေ့ဘက်ဆင်ခံဘုရား ဘွဲ့တော်မှာရွေဘုန်းပွင့်ဖြစ်၍ အနောက်ဘက်ဆင်ခံဘုရား ဘွဲ့တော်မှာရွေဘုန်းမြင့်ဖြစ်သည်။ ဒါယကာများမှာ မုံရွာမြို့ ကုန်သည်ကြီးဦးထွန်း+ဒေါ်ချိန်တို့ ဖြစ်သည်။ ထိုခောတ်ကုန်ကျငွေ ကျပ်ငွေ တစ်ထောင်ကျော်စီ ကုန်ကျသည်။
၁။ အဌဝိသံ၊ နှစ်ကျိပ်ရှစ်ဆူကုန်သော။ သမ္ဗုဒ္ဓေ၊ ဘုရားရှင်တို့ကို့ လည်းကောင်း။ ဒွါဒသဉ္စ သဟသကေ၊ ပဉ္စသသ၊ သဟသာနိ၊ ငါးသိန်းတစ်သောင်း နှစ်ထောင်ကုန်သော။ သမ္ဗုဒေစ၊ ဘုရားရှင်တို့ကို့ လည်းကောင်း။ အဟံ၊ အကျွန်ုပ်သည် အများသုံး သမ္ဗုဒေ ဂါထာတော်