ထို ၂ဝ ရာစုသာသနာပြုပုဂ္ဂိုလ်ကျော် မိုးညှင်း ဆရာတော်လောင်းလျာကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြိုနယ် ဝင်းခနီးရွာ(မြန်မာဂုံညှင်းစု)တွင် ဦးမိုး+ဒေါ်ဘော် မိဘနှစ်ပါးတို့မှ ဖွားမြင်သည်။မွေးချင်း(၇)ဖော်တွင် အငယ်ဆုံးသားရတနာ ဖြစ်သည်။
မွေးချင်း(၇)ဖော်မှာ
၁. မောင်ဘိုးလှ
၂. မောင်ဘိုးမြ
၃. မောင်ဘိုးဘ
၄. မရွေမေ
၅. မရွေခက်
၆. မရွေသက်
၇. မောင်ဘိုးစ (မိုးညှင်းလောင်းလျာ) တို့ဖြစ်သည်။
မောင်ဘိုးစခေါ် မိုးညှင်းလောင်းလျာကို ၁၂၃၄ ခုနှစ် တပေါင်းလဆန်း(၂ဝ)ရက် သောကြာနေ့တွင် ဖွားမြင်သည်။ မိခင်ဒေါ်ဘော် အသက်(၅၆)နှစ်အရွယ်ရောက်မှ မွေးဖွားသော အထွေးဆုံးသားထူးဖြစ်သည်။ ခရမ်းမြိုနယ် အေးရွာဆရာတော် ဦးအာစရထံမှာ အခြေခံပိဋက စာပေ များ သင်ယူရင်း အသက် (၁၃) နှစ် အရွယ်တွင် အေးရွာ ဆရာတော်ကြီးကို ဥပစထာယ်ပြု၍ ရှင်သာမဏေဝတ်သည်။
အရှင်သုမနဟူ၍ဥပစထယ်ဆရာတော်ကြီးကဘွဲ့အမည်မှည့်ပေးသည်။ (၁၂၅၄)ခုနှစ်ဝါဆိုလဆန်း(၈)ရက်နေ့ အသက်နှစ်ဆယ်တွင်းသို့(၃)လ ကျော်အရောက်တွင် မောင်းမရွာ ဦးအာစရ ဆရာတော်ကြီးအား ဥပစထာယ်ပြုလျက် သံဃာ ၂ဝ ကျော်တို့ဖြင့် ရဟန်းဘောင်သို့ တက်သည်။ ဘွဲ့အမည် အရှင်သုမန ဖြစ်သည်။ ရဟန်း(၄)ဝါအရတွင် မန္တလေးသို့ စာသင်ထွက်ခဲ့သည်။ ဒက္ခိဏာရာမဘုရားကြီးတိုက် ဦးရန်ကုန်ကျောင်း၌နေ၍ စာဝါများလိုက်ခဲ့သည်။
ရဟန်းဝါ(၁၇) ဝါအရတွင် ပထမစ၍တောရဆောက်တည်တရားကျင့်သည်။ ပထမဆုံးနေသော တောရမှာ မန္တလေး မြစ်ငယ်မြို့ အနီး အဲ့ဗျမက္ခရာတောရ ဖြစ်သည်။
ထိုတောရ၌ (၂)နှစ်နေပြီးသောအခါ မုံရွာနယ်ဆီသို့ ကြွလာခဲ့သည်။ ထိုခရီးစဉ်တွင် ချေင်ဦးမြို့နယ် ခင်မွန်ရွာ ဗောဓိတောရ ရွေကျင်သုံးဂိုဏ်းချုပ် ထံ(၃)လမျှ နည်းခံနေသည်။ ထို့နောက် ရေစကြိုမြို့နယ် ဂူဖြူတောရဆရာတော်ကြီးထံ အကျင့်နည်းခံ(၂)လမျှနေခဲ့သည်။ ထိုမှနောက် မုံရွာမြို့ ကမ္ဘာကျော် လယ်တီဆရာတော် ထံကမ္ဓဌာန်း အားထုတ်နည်းယူ၍ ထိုလယ်တီဆရာတော်ကြီး၏ သြဝါဒနှင့် ညွန်ကြားမှု့ကို ခံယူလျှက် ဤ မိုးညှင်း တောရသို့ ၁၂၇၃ ခုနှစ် ဝါဆိုလတွင်ရောက်ခဲ့သည်။
ဤမိုးညှင်းတောရဌာနသို့ရောက်သည်မှစ၍လယ်တီဆရာတော်ကြီး၏သြဝါဒအတိုင်း လိုက်နာကာ ဒကာဒကာမတို့နှင့်စကားမပြော တရားမဟောဘဲ ဆယ်နှစ်တိုင်တိုင် တရား ကျင့်သည်။
ဆယ်နှစ်တိုင်တရားအားထုတ်၍ တရားအသိညာဏ်ပေါက်မှ မြန်မာနိုင်ငံအမြို့မြို့ အရွာရွာသို့ တရားဟောလှည့်လည်ကြွသည်။ထိုစဉ်က ဘယ်သူမျှ မဟောဘူးသေးသော ဓါတ်ကလပ်ပရမတ် တရားတို့ကိုအခြေခံပြကာ ဝိပသနာသို့အရောက်ပို့ဟောကြားသဖြင့် နာရသူပရိတ်သတ်များ အလွန်သဘောကျကြသည်။မကြာမှီ မြန်မာနိုင်ငံတနံတလျားသို့ တဟုန်ထိုးကျော်ကြားသွားသည်။ကြော်ကြားသည်နှင့်အမျှရဟန်းပရိတ်သတ် လူပရိတ်သတ် များဝိုင်းအုံရောက်ရှိလာကြသည်။ထိုပရိတ်သတ်များအမြဲထာဝရ ကုသိုလ်တရားတိုးပွားစေရန် ရည်ရွယ်၍ သမ္ဗုဒ္ဓေ စေတီတော်ကြီးမှအစ အမျိုးမျိုးသောသာသနိက အဆောက်အဦးတို့ကို ဆောက်လုပ်ခဲ့ လေသည်။
ထိုသိုအဆောက်အဦးများ ဆောက်လုပ်ရုံတွင်မက
ယခုအခါထိုကျမ်းစာများကိုသမိုင်းပြတိုက်တွင်ပူဇော်တွေ့ရှိနိုင်သည်။၁၉၄၁ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ အဂ္ဂမဟာပဏိတဘွဲ့တံဆိပ်တော်ဆက်ကပ်သည်။သက်တော် ၉၃နှစ်တိုင် သာသနာပြုတော်မူသည်။
၁။ အဌဝိသံ၊ နှစ်ကျိပ်ရှစ်ဆူကုန်သော။ သမ္ဗုဒ္ဓေ၊ ဘုရားရှင်တို့ကို့ လည်းကောင်း။ ဒွါဒသဉ္စ သဟသကေ၊ ပဉ္စသသ၊ သဟသာနိ၊ ငါးသိန်းတစ်သောင်း နှစ်ထောင်ကုန်သော။ သမ္ဗုဒေစ၊ ဘုရားရှင်တို့ကို့ လည်းကောင်း။ အဟံ၊ အကျွန်ုပ်သည် အများသုံး သမ္ဗုဒေ ဂါထာတော်