englsihmyanmar

၂​ဝ​ရာ​စု သာသနာပြု​ပုဂ္ဂိုလ်ကျော် မိုး​ညှင်း​ဆရာတော်

ထို ၂​ဝ ရာ​စု​သာသနာပြု​ပုဂ္ဂိုလ်ကျော် မိုး​ညှင်း ဆရာတော်​လောင်း​လျာ​ကို ရန်ကုန်တိုင်း​ဒေသ​ကြီး   သန်​လျင်​မြို​နယ် ဝင်း​ခ​နီး​ရွာ(မြန်မာ​ဂုံ​ညှင်း​စု)တွင် ဦး​မိုး+ဒေါ်ဘော် မိဘ​နှစ်​ပါး​တို့​မှ ဖွားမြင်​သည်။မွေး​ချင်း(၇)ဖော်​တွင် အငယ်​ဆုံး​သား​ရတနာ ဖြစ်​သည်။

မွေး​ချင်း(၇)ဖော်​မှာ

၁. မောင်​ဘိုး​လှ
၂. မောင်​ဘိုး​မြ
၃. မောင်​ဘိုး​ဘ
၄. မ​ရွေ​မေ
၅. မ​ရွေ​ခက်
၆. မ​ရွေ​သက်
၇. မောင်​ဘိုး​စ (မိုး​ညှင်း​လောင်း​လျာ) တို့​ဖြစ်​သည်။

မောင်​ဘိုး​စခေါ် မိုး​ညှင်း​လောင်း​လျာ​ကို ၁​၂​၃​၄ ခု​နှစ် တပေါင်း​လဆန်း(၂​ဝ)ရက် သောကြာနေ့​တွင် ဖွားမြင်​သည်။ မိ​ခင်ဒေါ်ဘော် အသက်(၅​၆)နှစ်​အရွယ်ရောက်​မှ  မွေး​ဖွား​သော အထွေး​ဆုံး​သား​ထူး​ဖြစ်​သည်။ ခရမ်း​မြို​နယ် အေး​ရွာ​ဆရာတော် ဦး​အာ​စ​ရ​ထံ​မှာ  အခြေ​ခံ​ပိ​ဋ​က စာပေ များ သင်​ယူ​ရင်း အသက် (၁​၃) နှစ် အရွယ်​တွင် အေး​ရွာ ဆရာတော်​ကြီး​ကို ဥ​ပ​စ​ထာယ်​ပြု​၍ ရှင်​သာမဏေ​ဝတ်​သည်။

အရှင်​သု​မန​ဟူ၍​ဥ​ပ​စ​ထယ်​ဆရာတော်​ကြီး​က​ဘွဲ့​အမည်​မှည့်​ပေး​သည်။   (၁​၂​၅​၄)ခု​နှစ်​ဝါဆို​လဆန်း(၈)ရက်​နေ့ အသက်​နှစ်​ဆယ်​တွင်း​သို့(၃)လ  ကျော်​အရောက်​တွင် မောင်းမ​ရွာ ဦး​အာ​စ​ရ ဆရာတော်​ကြီး​အား  ဥ​ပ​စ​ထာယ်​ပြု​လျက် သံဃာ ၂​ဝ ကျော်​တို့​ဖြင့် ရဟန်း​ဘောင်​သို့ တက်​သည်။ ဘွဲ့​အမည် အရှင်​သု​မန ဖြစ်​သည်။ ရဟန်း(၄)ဝါ​အရ​တွင် မန္တလေး​သို့ စာ​သင်​ထွက်​ခဲ့​သည်။ ဒက္ခိ​ဏာ​ရာ​မ​ဘုရား​ကြီး​တိုက်    ဦး​ရန်ကုန်​ကျောင်း​၌​နေ​၍ စာဝါ​များ​လိုက်​ခဲ့​သည်။

ရဟန်း​ဝါ(၁​၇) ဝါ​အရ​တွင် ပထမ​စ​၍​တောရဆောက်တည်​တရား​ကျင့်​သည်။ ပထမ​ဆုံး​နေ​သော တော​ရ​မှာ မန္တလေး မြစ်ငယ်​မြို့ အနီး     အဲ့​ဗျ​မက္ခ​ရာ​တော​ရ   ဖြစ်​သည်။

ထို​တော​ရ​၌ (၂)နှစ်​နေ​ပြီး​သော​အခါ မုံရွာ​နယ်ဆီ​သို့ ကြွလာ​ခဲ့​သည်။ ထို​ခရီး​စဉ်​တွင် ချေင်​ဦး​မြို့​နယ် ခင်မွန်​ရွာ ဗော​ဓိ​တော​ရ ရွေ​ကျင်​သုံး​ဂိုဏ်းချုပ် ထံ(၃)လ​မျှ နည်း​ခံ​နေ​သည်။ ထို့နောက် ရေ​စ​ကြို​မြို့​နယ် ဂူ​ဖြူ​တော​ရ​ဆရာတော်​ကြီး​ထံ အကျင့်​နည်း​ခံ(၂)လ​မျှ​နေ​ခဲ့​သည်။ ထို​မှ​နောက် မုံရွာမြို့ ကမ္ဘာကျော် လယ်တီ​ဆရာတော် ထံ​ကမ္ဓ​ဌာန်း အားထုတ်​နည်း​ယူ​၍  ထို​လယ်တီ​ဆရာတော်​ကြီး​၏ သြ​ဝါဒ​နှင့် ညွန်​ကြား​မှု့​ကို ခံယူ​လျှက် ဤ မိုး​ညှင်း တော​ရ​သို့ ၁​၂​၇​၃ ခု​နှစ် ဝါဆို​လ​တွင်​ရောက်​ခဲ့​သည်။

ဤ​မိုး​ညှင်း​တော​ရ​ဌာန​သို့​ရောက်​သည်​မှ​စ​၍​လယ်တီ​ဆရာတော်​ကြီး​၏​သြ​ဝါဒ​အတိုင်း လိုက်နာ​ကာ ဒကာ​ဒကာမ​တို့​နှင့်​စကားမ​ပြော တရားမ​ဟော​ဘဲ ဆယ်​နှစ်​တိုင်​တိုင် တရား ကျင့်​သည်။

ဆယ်​နှစ်​တိုင်​တရား​အားထုတ်​၍ တရား​အသိ​ညာဏ်​ပေါက်​မှ မြန်မာ​နိုင်ငံ​အမြို့​မြို့ အရွာ​ရွာ​သို့ တရားဟော​လှည့်​လည်​ကြွ​သည်။ထို​စဉ်​က ဘယ်​သူ​မျှ မ​ဟော​ဘူး​သေး​သော ဓါတ်​ကလပ်​ပရမတ် တရား​တို့​ကို​အခြေ​ခံ​ပြ​ကာ ဝိ​ပသ​နာ​သို့​အရောက်​ပို့​ဟောကြား​သ​ဖြင့် နာ​ရ​သူ​ပရိတ်​သတ်​များ အလွန်​သဘောကျ​ကြ​သည်။မ​ကြာ​မှီ မြန်မာ​နိုင်ငံ​တ​နံ​တ​လျား​သို့ တ​ဟုန်​ထိုးကျော်​ကြား​သွား​သည်။ကြော်​ကြား​သည်​နှင့်​အမျှ​ရဟန်း​ပရိတ်​သတ် လူ​ပရိတ်​သတ် များ​ဝိုင်း​အုံ​ရောက်​ရှိ​လာ​ကြ​သည်။ထို​ပရိတ်​သတ်​များ​အမြဲ​ထာဝရ  ကုသိုလ်​တရား​တိုးပွား​စေ​ရန် ရည်​ရွယ်​၍ သမ္ဗုဒ္ဓေ စေ​တီတော်​ကြီး​မှ​အစ အမျိုး​မျိုး​သော​သာ​သ​နိ​က အဆောက်အဦး​တို့​ကို ဆောက်​လုပ်​ခဲ့ လေ​သည်။

ထို​သို​အဆောက်အဦး​များ ဆောက်​လုပ်​ရုံ​တွင်​မက

  • ဝိ​သု​ဒွိ​ကျင့်​စဉ်​ကျမ်း
  • ပ​ရိစ္စ​သ​မုပ္ပဒ်​ကျင့်​စဉ်​ကျမ်း
  • ဝိ​ပသ​နာ​အလုပ်​ပေး​ကျမ်း
  • ပ​ဌာန်း​ဝိ​ပသ​နာ​ကျင့်​စဉ်​ကျမ်း
  • နေ့​ဟော​စဉ်​ကျမ်း
  • ညဉ့်​ဟော​စဉ်​ကျမ်း  စ​သော​ကျမ်းစာ​ပေါင်း​၃​၆​ကျမ်း​တို့​ကို​လည်း​အနာ​ဂါတ်​သာသနာ​အတွက်  ရေးသားပြုစု ခဲ့​သည်။   


ယခု​အခါ​ထို​ကျမ်းစာ​များ​ကို​သမိုင်း​ပြ​တိုက်​တွင်​ပူဇော်​တွေ့​ရှိ​နိုင်​သည်။၁​၉​၄​၁​ခု​နှစ်​တွင် နိုင်​ငံတော်​အစိုးရ​မှ   အဂ္ဂ​မဟာ​ပ​ဏိ​တ​ဘွဲ့​တံ​ဆိပ်တော်​ဆက်ကပ်​သည်။သက်တော် ၉​၃​နှစ်​တိုင်  သာသနာ​ပြုတော်​မူ​သည်။

ဆက်​သွယ်​ရန် လိပ်စာ

  • မိုး​ညှင်း​သမ္ဗုဒ္ဓေ​ဘုရား​ကြီး​ကျောင်းတိုက်၊
  • မုံရွာမြို့|
  • မုံရွာ​ခ​ရိုင်၊ စစ်ကိုင်းတိုင်း​ဒေသ​ကြီ:။

မြန်မာ​သမ္ဗုဒ္ဓေ ဂါထာ​အနက်

၁။ အဌ​ဝိ​သံ၊ နှစ်​ကျိပ်​ရှစ်​ဆူ​ကုန်​သော။ သမ္ဗုဒ္ဓေ၊ ဘုရားရှင်​တို့​ကို့ လည်းကောင်း။ ဒွါ​ဒ​သဉ္စ သ​ဟ​သ​ကေ၊ ပဉ္စ​သ​သ၊ သ​ဟ​သာ​နိ၊ ငါး​သိန်း​တစ်​သောင်း  နှစ်​ထောင်​ကုန်​သော။ သမ္ဗု​ဒေ​စ၊ ဘုရားရှင်​တို့​ကို့ လည်းကောင်း။ အဟံ၊ အကျွန်ုပ်​သည် အများ​သုံး သမ္ဗု​ဒေ ဂါ​ထာတော်

ကက က္က