englsihmyanmar
image image image image image image
တန်ခိုး​လင်း​တဲ့​မိုး​ညှင်း​သမ္ဗုဒ္ဓေ ပြည်ထောင်စု သမ္မတ မြန်မာ​နိုင်​ငံတော်၊ စစ်ကိုင်း တိုင်း​ဒေသ​ကြီး၊ မုံရွာမြို့​နယ် မုံရွာမြို့​၏ အရှေ့တောင်​ဘက်  (၇)မိုင်ကျော်​အကွာ​တွင်  မိုး​ညှင်း​ကျောင်းတိုက်​ကြီး တည်​ရှိ​သည်။

Read the Full Story
တံခါး​ပေါက် လေးဆယ်နှင့် နှစ်​တံခါး​လှစ်​တက် ဖြစ်​သည်မှာ နှစ်​ဆယ့်​နှစ်​သာ အရ တံခါး​ပေါက် တက်​ရန်​ဆင်း​ရန် တံခါး​ပေါက်​၂​၂ ပေါက်​ရှိ​၍  ရိုး⁠ရိုး​တံခါး​ပေါက် ၂​ဝ ရှိ​သည်။

Read the Full Story
သမ္ဗုဒ္ဓေ စေ​တီတော် သမ္ဗုဒ္ဓေ စေတီတော်ကို မြန်မာ သက္ကရာဇ် ၁၃ဝ၁ ခုနှစ် (ခရာဇ်နှစ် ၁၉၃၈ ခုနှစ်) ဒုတိယဝါဆို လဆန်း (၅) ရက်နေ့ ကြာသပတေးနေ့တွင် မိုးညှင်းဆရာတော်ကြီး ကိုယ်တိုင် ရွေအုတ်ချပ်ကိုင်ကာ အုတ်မြစ်ချ တည်ထားသည်။

Read the Full Story
စေ​တီတော်​ရဲ့​အတိုင်း​အတာ ဥသြဥ ဟုခေါ် ဘိ​နပ်တော်​အရ ဘိ​နပ်​ခုံတော် စတုရန်း ၁⁠၁​၁ တောင်​စီ​ရှိ​သည်။ ညဏ်တော် ရန်ရှား သမ္ဗုဒ္ဓေ ဘုရား​အရ အရပ်​မြင့် ဥဏ်တော် ဘိ​နပ်​ခုံတော်​မှ စိန်​ဖူးတော်​အထိ ၈​၈ တောင်​ရှိ​သည်။ Read the Full Story
ရုပ်​ပွားတော်​များ မြရွေငွေ စိန်သီးဆောင်း ရုပ်ပွားပေါင်းအရ ရုပ်ပွားတော်ပေါင်း မှာ အတွင်းအပြင် ၅၈၂၃၆၃  ဆူရှိသည်။

Read the Full Story
ကမ္ဘာ့​အကြီး​ဆုံး ဆင်​ခံ​ဘု​ရားခေါ် ဆင်​ကြီး​နှစ်​ကောင် ၁၂၉၇ ခုနှစ် တပိုတွဲလတွင်   မိုးညှင်းတောရတိုက်     တောင်ဘက်မုခ်အဝင်ရှေ့တွင် ဆင်ကြီးနှစ်ကောင်  ကို စတင်တည်ထားသည်။

Read the Full Story

သမ္ဗုဒ္ဓေ ဂါ​ထာတော်

သမ္ဗုဒ္ဓေ ဂါ​ထာတော်​ကို ဗုဒ္ဓ​ဘာသာ မြန်မာ​တိုင်း​ရင်း​သား​များ ဖြစ်​သော ရဟန်း၊ ရှင်​လူ၊ ပြည်​သူ​တို့​အားလုံး​ပါ ယုံကြည်​စွာ ရွတ်​ဖက် ပွား​များ​ကြ​သည်။ အချို့​ပုဂ္ဂိုလ်​များ​မှာ သမ္ဗုဒ္ဓေ ဂါ​ထာတော်​ကို လို​ရာ​ပြီးစီး​နိုင်​သော အန္တရာယ်​ကင်း​မန္တန် တော်​ကြီး​အဖြစ် အသုံးပြု​ကြ​ပါ​သည်။ ရွတ်​ဖက်​ပွား​များ​သည့်​အတွက်  အသက်​ဘေး​အန္တရာယ်​ဘေး​မှ လွတ်မြောက်​ခြင်း၊ အနှောင့်​အယှက်​ကင်း​ခြင်း၊ ဘေး​ဥပဒ်​မ​ကျ​ရောက်​ခြင်း၊ ရန်သူ​တို့​မ​နှိပ်စက်​နိုင် ခြင်း စ​သည့် ကိုယ်တိုင်​တွေ့​ကြုံ​ခဲ့​ကြ​သူ​များ​စွာ ရှိ​ကြ​သည်။ ဤ​မျှ​မက ထို သမ္ဗုဒ္ဓေ ဂါ​ထာတော်​ကို ဣစ္ဆာသယ​အန္တရာယ်​ကင်း မန္တန်တော်​ကြီး​ဟူ၍ ရှေး​ပညာရှိ​များ​က အမည်​မှည့် အသုံးပြု​ခဲ့​ကြ​ပါ​သည်။

အများ​သုံး သမ္ဗုဒ္ဓေ ဂါ​ထာတော်

(က) သမ္ဗုဒ္ဓေ ၊ အဌ​ဝီ​သဉ္စ၊ ဒွါ​ဒ​သဉ္စ  သ​ဟ​သ​ကေ၊
ပဉ္စ​သ​သ၊ သ​ဟ​သာ​နိ၊ န​မာ​မိ သိ​ရ​သာ​မ​ဟံ။
(ခ) အပ​ကာ ဝါ​ဠု​ကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗု​တာ ဇိ​နာ၊
တေ​သံ ဓမ္ဓဉ္စ သံ​ဃဉ္စ၊ အာ​ဒ​ရေ​န  န​မာ​မ​ဟံ။
(ဂ)န​မက္ကာ​ရာ နု​ဘာ​ဝေ​န၊ ဟိ​တွာ သဗ္ဗေ  ဥ​ပဒ္ဒ​ဝေ၊
အနေ​ကာ အန္တ​ရာ​ယာ​ပိ၊ ဝိ​န​သန္တု အသေသတော။

မြန်မာ​သမ္ဗုဒ္ဓေ ဂါထာ​အနက် (မြန်မာ​ပြန်)

၁။ အဌ​ဝိ​သံ၊ နှစ်​ကျိပ်​ရှစ်​ဆူ​ကုန်​သော။ သမ္ဗုဒ္ဓေ၊ ဘုရားရှင်​တို့​ကို့​လည်းကောင်း။ ဒွါ​ဒ​သဉ္စ သ​ဟ​သ​ကေ၊ ပဉ္စ သ​သ၊ သ​ဟ​သာ​နိ၊ ငါး​သိန်း​တစ်​သောင်း  နှစ်​ထောင်​ကုန်​သော။ သမ္ဗုဒ္ဓေ၊ ဘုရားရှင်​တို့​ကို့​လည်းကောင်း။ အဟံ၊ အကျွန်ုပ်​သည်။ သိ​ရ​သာ၊ ဦးခေါင်း​ဖြင့်။ န​မာ​မိ၊ ရှိခိုး​ပါ​၏။
ဝါ​ဌု​ကာ ဂင်္ဂါ၊ ဂင်္ဂါ​မြစ်​ထဲ ကျောက်​သလဲ​တို့​သည်။ အပ္ပ၊ နည်း​လှ​ကုန်​၏။ နိဗ္ဗု​တာ၊ ပရိနိဗ္ဗာန် ဝင်​စံ​ကြတော်​မူ​သော။ ဇိ​နာ၊ ငါး​မာရ်​အောင်မြင်​ဘုရားရှင်​တို့​သည်။ အနန္တာ၊ အတိုင်း​မ​သိ များ​လှ​ကုန်​၏။
၂။တေ​သံ၊ထို​ဘုရားရှင်​တို့​၏။ဓမ္ဓဉ္စ၊ တ​ရားတော်​ကို​လည်းကောင်း သံ​ဃဉ္စ၊ သံ​ဃာတော်​ကို လည်းကောင်း။ အဟံ၊ အကျွန်ုပ်​သည်။ အာ​ဒ​ရေ​န၊ ရိုသေ​စွာ။ န​မာ​မိ၊ ရှိခိုး​ပါ​၏။
၃။ န​မက္ကာ​ရာ နု​ဘာ​ဝေ​န၊ ရှိခိုး​ရ​သော  ကုသိုလ်​ကံ​၏  အစွမ်း​ကြောင့်။ သဗ္ဗေ ဥ​ပဒ္ဒ​ဝေ၊ ဘေး​ဥပဒ် အားလုံး​တို့​ကို့။ ဟိ​တွာ၊ ပယ်​ရှား​၍။ အနေ​ကာ အန္တ​ရာ​ယာ​ပိ၊ များ​စွာ​သော အနှောင့်​အယှက်​တို့​သည်​လည်း။ အသေသတော၊ အကြွန်း​အကျန်​မ​ရှိ​အောင်။ ဝိ​န​သန္တု၊ ပျောက်ပျက်​ပါ​စေ​ကုန်​သ​တည်း။

image

အာလိန်ငါးဆင့်

အာလိန်​ငါး​ဆင့်ခေါ် တာဝတိံသာ စူ​ဌာ​မဏိ​စေ​တီတော် ကို  ၁​၂​၉​၇ ခု​နှစ်​တွင် စတင်​တည်ဆောက်​သည်။

Read More

image

သမ္ဗုဒ္ဓေစေတီတော်​အကြောင်း

သမ္ဗုဒ္ဓေ စေ​တီတော်​ကို မြန်မာ သက္ကရာဇ် ၁​၃​ဝ​၁ ခု​နှစ် (ခ​ရာဇ်​နှစ် ၁​၉​၃​၈ ခု​နှစ်) ဒုတိယ​ဝါဆို လဆန်း (၅) ရက်​နေ့   ကြာသပတေးနေ့​တွင် ...

Read More

ဆက်​သွယ်​ရန် လိပ်စာ

  • မိုး​ညှင်း​သမ္ဗုဒ္ဓေ​ဘုရား​ကြီး​ကျောင်းတိုက်၊
  • မုံရွာမြို့|
  • မုံရွာ​ခ​ရိုင်၊ စစ်ကိုင်းတိုင်း​ဒေသ​ကြီ:။

မြန်မာ​သမ္ဗုဒ္ဓေ ဂါထာ​အနက်

၁။ အဌ​ဝိ​သံ၊ နှစ်​ကျိပ်​ရှစ်​ဆူ​ကုန်​သော။ သမ္ဗုဒ္ဓေ၊ ဘုရားရှင်​တို့​ကို့ လည်းကောင်း။ ဒွါ​ဒ​သဉ္စ သ​ဟ​သ​ကေ၊ ပဉ္စ​သ​သ၊ သ​ဟ​သာ​နိ၊ ငါး​သိန်း​တစ်​သောင်း  နှစ်​ထောင်​ကုန်​သော။ သမ္ဗု​ဒေ​စ၊ ဘုရားရှင်​တို့​ကို့ လည်းကောင်း။ အဟံ၊ အကျွန်ုပ်​သည် အများ​သုံး သမ္ဗု​ဒေ ဂါ​ထာတော်

ကက က္က